ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း

15_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁၁-၂၀၁၉ ) ရက်နေ့တွင် ကံဘတ်ကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာနှင့် လေးအိမ်တန်းကျေးရွာတို့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ပြောင်းရွှေ့ရ‌သော သောလူနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀ဝ) ကျပ်၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၆) ဦးအတွက်ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀ဝ) ကျပ်၊ စုစုပေါင်း ထောက်ပံ့ရန်ပုံငွေ (၃၁၂,၆၀ဝ) ကျပ် အား (၁၅-၁၁-၂၀၁၉) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင်တာဝန်ရှိသူများနှင့် အတူ ဘေးဖြစ်ပွား ရာဒေသသို့သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ 

#ha_rbe
#ayy_nov2019
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events