
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာအုပ်စု၊ စေတီတောင်ကျေးရွာ၊ ဖုံညိုလိပ်ကျေးရွာ အုပ်စု၊ ဖုံညိုလိပ်ကျေးရွာနှင့် ဘူးသီးတောင်မြို့ပေါ်ရှိ ရန်အောင်မြေဘုန်းတော်ကြီးကျောင်း၊ လမ်းမဘုန်းတော်ကြီးကျောင်း၊ ပေါင်းစုရပ် (၄) ခုရှိ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁,၁၅၉) စု၊ လူဦးရေ (၅,၃၃၈) ဦး အတွက် ဆန်ရိက္ခာ (၂) ပတ်စာ၊ ဆန်(၇၇၈) အိတ်(၁၁) ပြည်အား (၁၅-၁၁-၂၀၁၉) ရက်နေ့တွင် ပြည်သူ့လက်ဝယ်အရာက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)