တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း

15_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စစ်တွေမြို့နယ်၊ တိုက်ပွဲရှောင်စုရပ် (၇) ခုမှ တိုက်ပွဲရှောင် အိမ်ထောင်စု (၆၅) စု၊ လူဦးရေ (၂၃၇) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၇၄) အိတ်၊ (၁) ပြည်၊ (၄) ဗူးအား (၁၄-၁၁-၂၀၁၉) ရက်တွင် ပြည်သူ့လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ 

#ha_otr
#rke_nov2019

Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events