သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

15_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၁၁-၂၀၁၉) ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် မိုးညိုမြို့နယ်၊ ရေကင်းတိုက်နယ်၊ (အ-ထ-က) ရေကင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောမှုများကို ကျင်းပဆောင်ရွက်ခဲ့ရာ နေ့ လည် (၁၁:၃၀) နာရီအချိန်တွင်ပြီးမြောက်ခဲ့ပြီး ဟောပြောပွဲသို့ မြို့နယ်ကြက်ခြေနေတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ကျောင်းသား/ သူ (၁၀၀၀) ဦးခန့်တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား ဗီနိုင်းများ၊ လက်ကမ်းစာစောင်များနှင့် ပိုစတာများဖြန့်ဝေ ခဲ့ပါကြောင်းသတင်းရရှိပါသည်။ 

#ha_ar
#bgo_nov2019
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events