လေဘေးသင့်ပြည်သူများအားထောက်ပံ့ပေးအပ်မှုသတင်း

15_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကံသာကုန်းကျေးရွာအုပ်စု ညီနောင်ကျေးရွာတွင်(၁၄-၁၁-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားသောလေဘေးကြောင့်ပြိုကျပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀,၀၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါအိမ်ထောင်စု (၁) စုစာ၊ စုစုပေါင်းလူဦးရေ (၆) ဦးအတွက်ဆန်ရိက္ခာရန်ပုံငွေ (၁၂,၆၀၀) ကျပ်၊စုစုပေါင်းရန်ပုံငွေ (၁၁၂,၆၀၀)ကျပ် အား (၁၅-၁၁-၂၀၁၉) ရက်နေ့ (၁၀:၃၀) အချိန်တွင်မြောင်းမြခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဘေးသင့်ပြည်သူများထံသွားရောက် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။ 

#ha_sgw
#ayy_nov2019

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events