Author Archives: Department of Disaster Management

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၁၁-၂၀၁၉) ရက်နေ နံနက်ပိုင်း (၀၉:၀၀) နာရီမှ (၁၀:၃၀) နာရီအချိန် ထိဟိုပန်မြို့နယ်၊ ကောင်းကော်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား/ သူ (၁၂၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ တာဝန်ရှိသူများသည် (၁၃:၃၀) နာရီမှ (၁၅:၀၀) နာရီအချိန်ထိ ဟိုပန်မြို့နယ်၊ ပန်ကောက်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်/ ရှောင်ရန်တို့ကိုဟောပြောပြီး … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  (၂၅-၁၁-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) မှ (၁၂:၀၀) အထိ အ.ထ.က (၁) ကျောင်း ပခုက္ကူမြို့တွင်  ကျောင်းသား/ သူ စုစုပေါင်း (၅၅၀) ဦးတို့အား ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင် ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ ရှောင်ရန်များကို အသိပညာပေးဟောပြောခဲ့ပြီး ဘေး (၈) မျိုးလက်ကမ်းစာစောင်များနှင့် ငလျင်ဘေးဗီနှိုင်းတို့ကို ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ #ar #mgy_nov2019 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၁-၂၀၁၉) ရက်နေ့၊ (၁၃:၃၀) ချိန်မှ (၁၅:၃၀) ချိန်အထိ ဒက္ခိဏသိရီမြို့နယ်၊ ရန်အောင်မြင်ကျေးရွာ၊ အ.ထ.က(ခွဲ)တွင် ကျောင်းသား/ သူများ  သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ သူ (၃၀၀)ဦး တက်ရောက်ခဲ့ပြီး အဆိုပါ တက်ရောက်လာသူ များအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_nov2019 … Read more

  • ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်းအတွက်တင်ဒါခေါ်ယူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် မြိတ်ခရိုင်ဦးစီးမှူးရုံး၊ သိုလှောင်ရုံ RCC (၂) ထပ်သွပ်မိုး၊ ကွန်ကရစ်ကြမ်းခင်း၊ ရေ၊ မီး၊ မိလ္လာ အပါအဝင် (၃၀၀၀ စတုရန်းပေ) ဆောက်လုပ်မှု အတွက် ကြော်ငြာခေါ်ယူခြင်းအား (၂၅-၁၁-၂၀၁၉) ရက်နေ့၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးများရှိ ကြော်ငြာသင်ပုန်းများတွင် တင်ဒါကြော်ငြာ သွားရောက်ကပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #tny_nov2019 Source: တနင်္သာရီတိုင်းဦးစီးမှူးရုံး (ဘစမ) … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၄-၁၁-၂၀၁၉) ရက်နေ့၊  (၁၃:၃၀)နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ လှေကြီးတပ်ကျေးရွာအုပ်စု၊ လှေကြီးတပ်ကျေးရွာ (အ.ထ.က) ကျောင်း၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲကကျင်းပသော ရှေးဦးပြုစုခြင်းသင်တန်း၌ ကျောင်းသား/သူ (၂၀၀) ဦးခန့်ကို သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2019 Source:           သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ၂၀၁၉ ခုနှစ်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကျင်းပ

    နိုဝင်ဘာ ၂၅ ၊ နေပြည်တော် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ UNFPA, Deputy Representative၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နိုဝင်ဘာလ (၂၄) ရက်နေ့ (၂၃:၄၅) အချိန်တွင် ဖျာပုံမြို့အမှတ် (၁၅) ရပ်ကွက်၊ အောင်ရတနာ (၄) လမ်းတွင် မီးဘေးဖြစ်ပွားခဲ့ရာ  နေအိမ်တစ်စိတ်တစ်ပိုင်းမီးဘေးသင့်ခဲ့ခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀/-) ကျပ်တို့ကို ‌နိုဝင်ဘာလ (၂၅) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_nov2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၂-၁၁-၂၀၁၉ ) ရက်နေ့တွင် ချင်တွင်းမြစ်‎ရေတိုက်းစားမှု‎ကြောင့် မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတွင် ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု  (၁) စုမှ လူဦး‎ရေ (၈) ဦးတို့အတွက် အိမ်‎ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-) ကျပ်တို့အား ( ၂၅- ၁၁- ၂၀၁၉ )ရက်နေ့တွင် ရေစကြိုမြို့နယ် အ‎ထွေထွေအုပ်ချုပ် ‎ရေးဌာန … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၁-၂၀၁၉) ရက်နေ့ နေ့လည် (၁၃:၀၀) အချိန်မှ (၁၄:၃၀) အချိန်ထိ ဆီဆိုင်မြို့နယ် အ.လ.က (အောင်သပြေ) ၌ ကျောင်းသား/ သူ (၂၃၅) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ပညာပေးဗွီဒီယိုပြသခြင်းသရုပ်ပြသခြင်းများအား ပြုလုပ် နိုင်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #shn_nov2019

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၁-၂၀၁၉) ရက်နေ့ တွင် သာပေါင်းမြို့နယ်၊ လှေကြီးတပ်ကျေးရွာအုပ်စု၊ လှေကြီးတပ်ကျေးရွာ (အ.ထ.က) ၌ သာပေါင်း မြို့နယ်ကြက်ခြေနီအသင်းခွဲကျင်းပသော ရှေးဦးပြုစုခြင်းသင်တန်း၌ ကျောင်းသား/ သူ (၂၀၀) ဦးခန့်အား သဘာဝဘေးနှင့် ပတ်သတ်ပြီး အသိပညာပေးဟောပြောခဲ့ပါကြောင်းသတင်း ရရှိပါသည်။ #ar #ayy_nov2019 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events