လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၂-၁၁-၂၀၁၉ ) ရက်နေ့တွင် ချင်တွင်းမြစ်ရေတိုက်းစားမှုကြောင့် မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတွင် ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၈) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-) ကျပ်တို့အား ( ၂၅- ၁၁- ၂၀၁၉ )ရက်နေ့တွင် ရေစကြိုမြို့နယ် အထွေထွေအုပ်ချုပ် ရေးဌာန အစည်းအဝေးခန်းမတွင် မိုးကွဲကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy-nov2019
source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)