လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၁၁-၂၀၁၉) ရက်နေ့ နံနက် (၉:၀၀) မှ (၁၂:၀၀) အထိ အ.ထ.က (၁) ကျောင်း ပခုက္ကူမြို့တွင် ကျောင်းသား/ သူ စုစုပေါင်း (၅၅၀) ဦးတို့အား ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင် ပြင်ဆင်နိုင်ရန်အတွက် ဆောင်ရန်/ ရှောင်ရန်များကို အသိပညာပေးဟောပြောခဲ့ပြီး ဘေး (၈) မျိုးလက်ကမ်းစာစောင်များနှင့် ငလျင်ဘေးဗီနှိုင်းတို့ကို ဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။
#ar
#mgy_nov2019
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)