
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၁-၂၀၁၉) ရက်နေ့ နေ့လည် (၁၃:၀၀) အချိန်မှ (၁၄:၃၀) အချိန်ထိ ဆီဆိုင်မြို့နယ် အ.လ.က (အောင်သပြေ) ၌ ကျောင်းသား/ သူ (၂၃၅) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ပညာပေးဗွီဒီယိုပြသခြင်းသရုပ်ပြသခြင်းများအား ပြုလုပ် နိုင်ခဲ့ပါကြောင်းသတင်းရရှိပါသည်။