လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နိုဝင်ဘာလ (၂၄) ရက်နေ့ (၂၃:၄၅) အချိန်တွင် ဖျာပုံမြို့အမှတ် (၁၅) ရပ်ကွက်၊ အောင်ရတနာ (၄) လမ်းတွင် မီးဘေးဖြစ်ပွားခဲ့ရာ နေအိမ်တစ်စိတ်တစ်ပိုင်းမီးဘေးသင့်ခဲ့ခြင်းအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀/-) ကျပ်တို့ကို နိုဝင်ဘာလ (၂၅) ရက်နေ့တွင် မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_nov2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)