လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် မြိတ်ခရိုင်ဦးစီးမှူးရုံး၊ သိုလှောင်ရုံ RCC (၂) ထပ်သွပ်မိုး၊ ကွန်ကရစ်ကြမ်းခင်း၊ ရေ၊ မီး၊ မိလ္လာ အပါအဝင် (၃၀၀၀ စတုရန်းပေ) ဆောက်လုပ်မှု အတွက် ကြော်ငြာခေါ်ယူခြင်းအား (၂၅-၁၁-၂၀၁၉) ရက်နေ့၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးရုံးများရှိ ကြော်ငြာသင်ပုန်းများတွင် တင်ဒါကြော်ငြာ သွားရောက်ကပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#tny_nov2019
Source: တနင်္သာရီတိုင်းဦးစီးမှူးရုံး (ဘစမ)