လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၁၁-၂၀၁၉) ရက်နေ နံနက်ပိုင်း (၀၉:၀၀) နာရီမှ (၁၀:၃၀) နာရီအချိန် ထိဟိုပန်မြို့နယ်၊ ကောင်းကော်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား/ သူ (၁၂၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ ဆက်လက်၍ တာဝန်ရှိသူများသည် (၁၃:၃၀) နာရီမှ (၁၅:၀၀) နာရီအချိန်ထိ ဟိုပန်မြို့နယ်၊ ပန်ကောက်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) တွင် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ဆောင်ရန်/ ရှောင်ရန်တို့ကိုဟောပြောပြီး လက်ကမ်းစာဆောင်များဖြန့်ဝေခဲ့ရာ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူ (၂၅၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_nov2019
Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)