လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၁-၂၀၁၉) ရက်နေ့၊ (၁၃:၃၀) ချိန်မှ (၁၅:၃၀) ချိန်အထိ ဒက္ခိဏသိရီမြို့နယ်၊ ရန်အောင်မြင်ကျေးရွာ၊ အ.ထ.က(ခွဲ)တွင် ကျောင်းသား/ သူများ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ သူ (၃၀၀)ဦး တက်ရောက်ခဲ့ပြီး အဆိုပါ တက်ရောက်လာသူ များအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာ၊ နံရံကပ်ပိုစတာနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#npw_nov2019
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)