Author Archives: Department of Disaster Management

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ညောင်တုန်းမြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၌ (၁-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၅) လုံး၊ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၉)လုံး၊ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၅၆) ဦးတို့ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၅) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၁၇,၆၀ဝ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး‌ထောက်ပံ့ငွေ (၁,၉၀၀,၀၀ဝ/-) ကျပ်တို့ကို (၂-၁-၂၀၂၀)ရက်နေ့၊ … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်၊ ကမ်းနားလမ်း၌ (၁-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေး ကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂) စု မှ လူဦးရေ (၁၁) ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,ဝဝဝ) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၂၃,၁၀ဝ)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၂၃,၁၀ဝ)ကျပ် အား (၃-၁-၂၀၂၀) … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာအုပ်စု၊ ပိတောက်ကုန်းကျေးရွာ၌ (၃၀-၁၂-၂၀၁၉)ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့်ပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၁) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂,၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုး (ပလပ်စတစ်ပုံးအပါ) အိမ်ထောင်စု (၁) စုစာတို့ကို (၃-၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #bgo_jan2020 … Read more

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကိုရီးယားသမ္မတနိုင်ငံမှ International Women’s Peace Group (IWPG)အဖွဲ့အား လက်ခံတွေ့ဆုံ

    ဇန်နဝါရီ ၂၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကိုရီးယားသမ္မတနိုင်ငံ၊ International Women’s Peace Group (IWPG) အဖွဲ့မှ Operation Manager ဖြစ်သူ Ms. Na Hyung Jun ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံရာတွင် (IWPG) အဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းများနှင့် အမျိုးသမီးများဖွံးဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ၂၀၁၃ခုနှစ်မှစတင်၍ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၀၀)ကျော်တွင် ရုံးခွဲများဖွင့်လှစ်၍ ဆောင်ရွက်နေမှုများ၊ (IWPG)အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး … Read more

  • သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သော ဒေသများရှိပြည်သူများ၏ ပြန်လည်ထူထောင်ရေးအတွက် ပြည်ပရောက်မြန်မာများက အလှူငွေများလှူဒါန်း

    ဇန်နဝါရီ ၂၊ နေပြည်တော် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သော ဒေသများရှိပြည်သူများ၏ ပြန်လည် ထူထောင်ရေးအတွက် ပြည်ပရောက်မြန်မာများဖြစ်သော အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ National Humanitarian Fundraising For Myanmar အဖွဲ့က လှူဒါန်းငွေ အမေရိကန်ဒေါ်လာ(၃၁,၂၃၁)၊ ဆော်ဒီအာရေဗျနိုင်ငံတွင် နေထိုင်လျက်ရှိသော စေတနာရှင်မိသားစု များက လှူဒါန်းငွေ စုစုပေါင်း ဆော်ဒီရီရယ် (၁၈,၀၀၀)နှင့်ညီမျှသော အမေရိကန်ဒေါ်လာ (၄,၇၇၅)၊ တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်ရှိ မြန်မာစေတနာရှင်များက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃၅၀)၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၃၆,၃၅၆) တို့ကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၃၀-၁၂-၂၀၁၉) ရက်နေ့တွင် ချင်တွင်းမြစ်‎ရေတိုက်းစားမှု ‎ကြောင့် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာတွင် ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု  (၈) စု၊ လူဦး‎ရေ (၂၈) ဦးတို့အတွက် အိမ်‎ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၈၀၀,၀၀၀) ကျပ် နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၈,၈၀၀) ကျပ် စုစုပေါင်းငွေ  ( ၈၅၈,၈၀၀) ကျပ် တို့အား (၂-၁-၂၀၂၀) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွေဘိုခရိုင်၊ ရွေဘိုမြို့နယ်၊ သီးလုံးကျေးရွာ၌ (၃၁-၁၂-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု(၁) စုမှလူဦးရေ (၈)ဦး ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၆,၈၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး အိမ်ထောင် စု(၁)စုစာနှင့် တာပေါ်လင်စ(၁)စတို့ကို (၂-၁-၂၀၂၀)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_jan2020 Source:           ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာများသို့ ထောက်ပံ့မှုများ ပြုလုပ်

      ဇန်နဝါရီ ၁ ရက် ၂၀၂၀ ၊ နေပြည်တော် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာ၊ ဓမ္မာလင်္ကာရ ကျောင်းတိုက်ရှိ မြတ်စုမွန်လူငယ်ပရဟိတဂေဟာသို့ သွားရောက်ခဲ့ပါသည်။ ထို့နောက် ကျောင်းတိုက်ဆရာတော် အား လှူဖွယ်ပစ္စည်းနှင့် အလှူငွေ လှူဒါန်းခဲ့ပြီး ဂေဟာအတွက် အလှူငွေကျပ် (၅)သိန်း၊ ဂေဟာရှိ ကလေးငယ် (၁၁၀)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (ငါးဆယ့်ကိုးသိန်းလေးသောင်း)၊ ဝတ်စရိတ်နှင့် စားစရိတ် (တစ်ရာ့နှစ်သိန်းသုံးသောင်း)နှင့် ဂေဟာမှူးထောက်ပံ့ငွေ … Read more

  • မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ စည်ပင်သာယာဈေးလမ်း၌ (၁-၁-၂၀၂၀)ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၂)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၁)စုစာ တို့ကို (၁-၁-၂၀၂၀)ရက်နေ့၊ (၁၆:၃၀)အချိန်တွင် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_jan2020 Source:           မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့၊ တောင်ရပ်ကွက်၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းသို့ အသစ်ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၆)စု၊ လူဦးရေ(၇၉)ဦး အတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁၁)အိတ်၊ (၁၂)ပြည်၊ (၄)ဘူး အားလည်းကောင်း၊ ရိက္ခာထပ်မံလိုအပ်လျင်ရှိသောလမ်းမဘုန်းတော်ကြီကျောင်း၊ စေတီတောင် ကျေးရွာ၊ ဖုံညိုလိပ်(ဘင်္ဂါလီ)ကျေးရွာ၊ စုရပ်စခန်း(၃)ခုရှိတိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု(၉၈၂) စု၊ လူဦးရေ (၄၅၅၁)ဦးအတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၆၆၃) အိတ်၊ (၁၆)ပြည်၊ (၄)ဘူးအား (၁-၁-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_dec2019 Source:                        ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events