တိုက်ပွဲရှောင် ပြည်သူများအား ထောက်ပံ့ခြင်း

 

1_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့၊ တောင်ရပ်ကွက်၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းသို့ အသစ်ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၆)စု၊ လူဦးရေ(၇၉)ဦး အတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁၁)အိတ်၊ (၁၂)ပြည်၊ (၄)ဘူး အားလည်းကောင်း၊ ရိက္ခာထပ်မံလိုအပ်လျင်ရှိသောလမ်းမဘုန်းတော်ကြီကျောင်း၊ စေတီတောင် ကျေးရွာ၊ ဖုံညိုလိပ်(ဘင်္ဂါလီ)ကျေးရွာ၊ စုရပ်စခန်း(၃)ခုရှိတိုက်ပွဲရှောင်ပြည်သူအိမ်ထောင်စု(၉၈၂) စု၊ လူဦးရေ (၄၅၅၁)ဦးအတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၆၆၃) အိတ်၊ (၁၆)ပြည်၊ (၄)ဘူးအား (၁-၁-၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#otr

#rke_dec2019

Source:                        ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events