ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာများသို့ ထောက်ပံ့မှုများ ပြုလုပ်

2_Pic_01 2_Pic_02

 
ဇန်နဝါရီ ၁ ရက် ၂၀၂၀ ၊ နေပြည်တော်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာ၊ ဓမ္မာလင်္ကာရ ကျောင်းတိုက်ရှိ မြတ်စုမွန်လူငယ်ပရဟိတဂေဟာသို့ သွားရောက်ခဲ့ပါသည်။ ထို့နောက် ကျောင်းတိုက်ဆရာတော် အား လှူဖွယ်ပစ္စည်းနှင့် အလှူငွေ လှူဒါန်းခဲ့ပြီး ဂေဟာအတွက် အလှူငွေကျပ် (၅)သိန်း၊ ဂေဟာရှိ ကလေးငယ် (၁၁၀)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (ငါးဆယ့်ကိုးသိန်းလေးသောင်း)၊ ဝတ်စရိတ်နှင့် စားစရိတ် (တစ်ရာ့နှစ်သိန်းသုံးသောင်း)နှင့် ဂေဟာမှူးထောက်ပံ့ငွေ (သုံးသိန်းခြောက်သောင်း) စုစုပေါင်းငွေကျပ် (တစ်ရာ့ခုနှစ်ဆယ် သုံးသောင်းတိတိ)နှင့် ကျောင်းစိမ်း ကျား/မ ဝတ်အထည် များနှင့် ရှပ်အင်္ကျီများ ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူက လက်ခံခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ရှိ ရေတာရှည်ဘိုးဘွားရိပ်သာသို့သွားရောက်ကာ ဘိုးဘွားရိပ်သာအတွက် အလှူငွေကျပ် (၅)သိန်း၊ ဘိုးဘွား (၂၆) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေကျပ် (တစ်ဆယ့်လေးသိန်းလေးထောင်)၊ ဝတ် စရိတ်နှင့် စားစရိတ်ငွေကျပ် (နှစ်ဆယ့်လေးသိန်း တစ်သောင်းရှစ်ထောင်) ၊ဂေဟာမှူးထောက်ပံ့ငွေ (သုံးသိန်းခြောက်သောင်း)၊ စုစုပေါင်း (လေးဆယ့်ခြောက်သိန်းရှစ်သောင်းနှစ်ထောင်တိတိ)နှင့် ပုဆိုး၊ ထဘီ၊ တဘက်နှင့် ရှပ်အင်္ကျီတို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်သပြေကုန်းရှိ မစိုးရိမ်ကျောင်းတိုက်သို့ သွားရောက်ကာ ကျောင်းတိုက် ဆရာတော်အား ဖူးမြော်၍ စာသင်သား၊ သံဃာတော်များအတွက် လှူဖွယ်ပစ္စည်း၊ သင်္ဃန်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jan2020
 
Source: MSWRR

Sign Up

Upcoming Events