ဇန်နဝါရီ ၂၊ နေပြည်တော်
မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့သော ဒေသများရှိပြည်သူများ၏ ပြန်လည် ထူထောင်ရေးအတွက် ပြည်ပရောက်မြန်မာများဖြစ်သော အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ National Humanitarian Fundraising For Myanmar အဖွဲ့က လှူဒါန်းငွေ အမေရိကန်ဒေါ်လာ(၃၁,၂၃၁)၊ ဆော်ဒီအာရေဗျနိုင်ငံတွင် နေထိုင်လျက်ရှိသော စေတနာရှင်မိသားစု များက လှူဒါန်းငွေ စုစုပေါင်း ဆော်ဒီရီရယ် (၁၈,၀၀၀)နှင့်ညီမျှသော အမေရိကန်ဒေါ်လာ (၄,၇၇၅)၊ တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်ရှိ မြန်မာစေတနာရှင်များက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃၅၀)၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၃၆,၃၅၆) တို့ကို အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင်လာရောက် ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
#hl1
#npw_jan2020
Source: MOSWRR