ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

3_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ညောင်တုန်းမြို့နယ်၊ ကျောင်းစုကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၌ (၁-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၅) လုံး၊ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၉)လုံး၊ အိမ်ထောင်စု (၁၄) စုမှ လူဦးရေ (၅၆) ဦးတို့ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၅) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၁၇,၆၀ဝ/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး‌ထောက်ပံ့ငွေ (၁,၉၀၀,၀၀ဝ/-) ကျပ်တို့ကို (၂-၁-၂၀၂၀)ရက်နေ့၊ (၁၄:၂၀)နာရီအချိန်တွင် ပြည်သူလက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_jan2020

Source:           ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events