လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်၊ ကမ်းနားလမ်း၌ (၁-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားသော ကမ်းပြိုဘေး ကြောင့် ကြိုတင်ရွှေ့ပြောင်းနေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂) စု မှ လူဦးရေ (၁၁) ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,ဝဝဝ) ကျပ်၊ ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၂၃,၁၀ဝ)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၂၂၃,၁၀ဝ)ကျပ် အား (၃-၁-၂၀၂၀) ရက်နေ့ (၀၉:၄၅) နာရီအချိန်တွင် ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ် ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#rbe
#ayy _jan2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)