ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

2 Pic-02

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၃၀-၁၂-၂၀၁၉) ရက်နေ့တွင် ချင်တွင်းမြစ်‎ရေတိုက်းစားမှု ‎ကြောင့် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာတွင် ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု  (၈) စု၊ လူဦး‎ရေ (၂၈) ဦးတို့အတွက် အိမ်‎ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၈၀၀,၀၀၀) ကျပ် နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၈,၈၀၀) ကျပ် စုစုပေါင်းငွေ  ( ၈၅၈,၈၀၀) ကျပ် တို့အား (၂-၁-၂၀၂၀) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နွယ်နီကျေးရွာအုပ်ချုပ်ရေးမှူးထံသို့လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#rbe

#mgy_jan2020

Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events