လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းဘူးမြို့၊ အမှတ်(၃)ရပ်ကွက်၊ စည်ပင်သာယာဈေးလမ်း၌ (၁-၁-၂၀၂၀)ရက်နေ့တွင်ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၂)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု(၁)စုစာ တို့ကို (၁-၁-၂၀၂၀)ရက်နေ့၊ (၁၆:၃၀)အချိန်တွင် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#mgy_jan2020
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)