Author Archives: Department of Disaster Management

  • သဘာဝဘေးအန္တရယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀) ရက်နေ့ နံနက် (၁၁:၃၀) မှမွန်းလွဲ (၁၅:၀၀) ထိ မိုင်းဖြတ်မြို့နယ်၊ ဟကြားမုဒိကျေးရွာတွင် မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်သစ်တောဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ ပြုလုပ် ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဦးစီးဌာန၏လုပ်ငန်းတာဝန်များ၊ သဘာဝ ဘေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များ၊ ထောက်ပံ့နှုန်းထားများ စသည့်အသိပညာများအား တတ်ရောက်လာသူ ကျေးရွာသူ/ ကျေးရွာသား (၅၀) ဦးတို့အား ဟောပြောဆွေးနွေးခဲ့ပြီ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။ #ar #shn_feb2020 Source: … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်    (၅-၂-၂၀၂၀) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီ မှ (၁၅း၀၀) နာရီထိ ကျိုင်းတုံမြို့ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေးစခန်းသင်တန်း၌ သင်တန်းသား (၅၀) ဦးခန့်ကို သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး၊ အဆိုပါဟောပြောပွဲ သို့ တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင် သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_feb … Read more

  • Multipurpose Shelter လွှဲပြောင်းလက်ခံမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ ဘိုကလေးမြို့နယ်ဉီးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၂-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ ဟေမာန် ကျေးရွာအုပ်စု၊ ကျုံလွတ်ကြီးကျေးရွာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ရန်ပုံ ငွေဖြင့် WYT Construction Companyမှတာဝန်ယူတည်ဆောက်နေသော Multipurpose Shelter (၁၀၀) ရာခိုင် နှုန်းပြီးစီးမှုအခြေအနေနှင့် လွှဲပြောင်းလက်ခံမှုအခြေအနေများကိုမြို့နယ်ကော်မတီအဖွဲ့/ကျေးရွာ ကော်မတီအဖွဲ့ တို့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ayy_feb2020 Source: ဘိုကလေးမြို့နယ်ဉီးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀) ရက် နေ့၊ (၀၉:၃၀) ချိန်မှ (၁၁:၀၀) အချိန်အထိ ပုဗ္ဗသီရိမြို့နယ်၊ အ-မ-က(မူလွန်) ဝဲကြီးစာသင် ကျောင်းတွင် ကျောင်းသား/ သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူ နေထိုင်ရမည်ကို ကျောင်းသား/ သူ (၂၆၅) ဦးအား သရုပ်ပြ‌ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့်မုန့်များ ဖြန့်ဝေပေး … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၅-၂-၂၀၂၀)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီမှ(၁၀:၃၀)နာရီအချိန်ထိ ဟိုပန်မြို့နယ် မော်ဟွေ့အခြေခံပညာ မူလတန်းလွန်ကျောင်း ၌ ကျောင်းသား/သူ (၁၂၀)ဦးခန့်အားတက်ရောက်ခဲ့ပြီး နေ့လည်ပိုင်း (၀၁:၀၀)နာရီမှ (၀၂:၃၀) နာရီ အချိန်ထိ ဟိုပန်မြို့နယ် နောင်ဟေ့ခြေခံပညာမူလတန်းလွန်ကျောင်း၌ စုစုပေါင်းအင်အား (၈၀)ဦး ခန့်တက်ရောက်ခဲ့ပြီး ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ ရှောင်ရန်များကိုဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားများကို လက်တွေ့သရုပ်ပြခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_feb2020

  • မီးဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆိုင်းဘုတ်စိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀) ရက်နေ့တွင် အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးအုပ်စု၊ ရွာသစ်ကျေးရွာ၊ တိုက်နယ်ဆေးရုံရှေ့ လမ်းမကြီးဘေးတွင် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်အား စိုက်ထူခဲ့ပါကြောင်း သိရှိရပါသည်။ #ayy_feb2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ (ဘစမ)

  • မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၅-၂-၂၀၂၀)ရက်နေ့၊ (၀၅:၁၅)အချိန်တွင် ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စု အမှတ်(၂)ရပ်၌ ဖြစ်ပွားခဲ့သော မီးလောင် ကျွမ်းမှုကြောင့် ဘေးသင့်ပျက်စီးနေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၁)အိမ် ထောင်စာစုစုပေါင်းတန်ဖိုးငွေ(၃၇၃၅၃/-)ကျပ် အဆိုပါ နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၃)ဦး အတွက် (၇)ရက် စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ဖိုးငွေ(၂၀၆၃၀၀/-)ကျပ်တို့အား (၅-၂-၂၀၂၀)ရက်နေ့၊ (၁၃:၀၀) အချိန်တွင် ဖြူဘကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး … Read more

  • ပြည်သူလူထုအား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်ခရိုင်ဦးစီးမှူးရုံးမှ (၅.၂.၂၀၂၀ )ရက်နေ့တွင် (၁၁း၀၀)နာရီအချိန်တွင်  ကျောက်တန်းမြို့နယ် အနောက်ပိုင်းရပ်ကွက် ၌ သဘာဝဘေးအန္တရာယ်မြေငလျင်နှင့်ပတ်သက်သော ဆောင်ရန်/ရှောင်ရန်များအား ဟောပြောဆွေးနွေးခဲ့ရာ ဆရာ/ပြည်သူလူထု(၁၀၀)ဦးခန့်တက်ရောက်ခဲ့ပြီး ထိုတက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_feb2020 Source:           ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • အသိပညာပေးဟောပြောပွဲ ကျင်းပခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၂.၂၀၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ ပဒတ်ကျေးရွာအုပ်စု၊ ပဒတ်ကျေးရွာတွင် ကျေးရွာနေ ပြည်သူ/သား (၁၀၀) ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ဆိုင်သော အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ခေါက်ဆွဲခြောက်ထုပ်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ayy_feb2020 Source:           မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀)ရက်နေ့၊ (၁၃:၁၅) နာရီတွင် ဒီပဲယင်းမြို့နယ်၊ ပေါင်းတောင်ကူကျေးရွာအုပ်စု၊ အောင်စည်မြေကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆၈၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုအတွက်ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး၊ (၁)အိမ်ထောင်စာနှင့် စက္ကူဘူး(၁)ဘူးတို့အား (၅-၂-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီ ချိန်တွင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီပဲယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) … Read more

Sign Up

Upcoming Events