
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၅-၂-၂၀၂၀)ရက်နေ့၊ (၀၅:၁၅)အချိန်တွင် ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စု အမှတ်(၂)ရပ်၌ ဖြစ်ပွားခဲ့သော မီးလောင် ကျွမ်းမှုကြောင့် ဘေးသင့်ပျက်စီးနေအိမ် (၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊ (၁)အိမ် ထောင်စာစုစုပေါင်းတန်ဖိုးငွေ(၃၇၃၅၃/-)ကျပ် အဆိုပါ နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် လူဦးရေ (၃)ဦး အတွက် (၇)ရက် စာဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ဖိုးငွေ(၂၀၆၃၀၀/-)ကျပ်တို့အား (၅-၂-၂၀၂၀)ရက်နေ့၊ (၁၃:၀၀) အချိန်တွင် ဖြူဘကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#mon_feb2020