
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၅-၂-၂၀၂၀)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီမှ(၁၀:၃၀)နာရီအချိန်ထိ ဟိုပန်မြို့နယ် မော်ဟွေ့အခြေခံပညာ မူလတန်းလွန်ကျောင်း ၌ ကျောင်းသား/သူ (၁၂၀)ဦးခန့်အားတက်ရောက်ခဲ့ပြီး နေ့လည်ပိုင်း (၀၁:၀၀)နာရီမှ (၀၂:၃၀) နာရီ အချိန်ထိ ဟိုပန်မြို့နယ် နောင်ဟေ့ခြေခံပညာမူလတန်းလွန်ကျောင်း၌ စုစုပေါင်းအင်အား (၈၀)ဦး ခန့်တက်ရောက်ခဲ့ပြီး ဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ ရှောင်ရန်များကိုဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့်အနေအထားများကို လက်တွေ့သရုပ်ပြခြင်းများပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_feb2020