မီးဘေးသင့်ပြည်သူအတွက် သွားရောက်ထောက်ပံ့မှုသတင်း

5_pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၂-၂၀၂၀)ရက်နေ့၊ (၁၃:၁၅)
နာရီတွင် ဒီပဲယင်းမြို့နယ်၊ ပေါင်းတောင်ကူကျေးရွာအုပ်စု၊ အောင်စည်မြေကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးဘေးသင့်နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆၈၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုအတွက်ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး၊ (၁)အိမ်ထောင်စာနှင့် စက္ကူဘူး(၁)ဘူးတို့အား (၅-၂-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီ ချိန်တွင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီပဲယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မီးဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#sgg_feb2020

Sign Up

Upcoming Events