
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၂-၂၀၂၀) ရက် နေ့၊ (၀၉:၃၀) ချိန်မှ (၁၁:၀၀) အချိန်အထိ ပုဗ္ဗသီရိမြို့နယ်၊ အ-မ-က(မူလွန်) ဝဲကြီးစာသင် ကျောင်းတွင် ကျောင်းသား/ သူများအား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန် အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးဖြစ်ပွားလာပါက ဖြစ်ပွားနေစဉ် မည်ကဲ့သို့ပြုမူ နေထိုင်ရမည်ကို ကျောင်းသား/ သူ (၂၆၅) ဦးအား သရုပ်ပြခဲ့ပြီး တက်ရောက်လာသူများအား သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့်မုန့်များ ဖြန့်ဝေပေး ခဲ့ပါကြောင်း သိရှိရပါသည်။
#ar
#npw_feb2020
Source: ဉတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)