Author Archives: Department of Disaster Management

  • တွံတေးမြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ အရိုးတောင်ကျေးရွာအုပ်စု၊ မီးသွေးကျင်းကျေးရွာနှင့် ငှက်ပျော စမ်းကျေးရွာအုပ်စု၊ ရိုးကန့်လန့်ကျေးရွာတို့တွင်(၂၅-၄-၂၀၂၀)ရက်နေ့(၁၅:၃၀)နာရီအချိန်၌ မိုးသည်းထန် စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျအမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၂၆)လုံး၊ အိမ်ထောင်စု(၂၆)စုမှ လူဦးရေ(၁၂၁)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ခြေ(၂၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၄,၂၀,၀၀ဝ/-) ကျပ်၊ လူဦးရေ(၁၂၁)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂,၅၄,၁၀ဝ/-)ကျပ်၊ ပြိုကျနေအိမ်(၉)လုံးအတွက် (၉)အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးတို့ကို အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    (၂၇- ၄-၂၀၂၀) ရက်နေ့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အရာထမ်း၊ အမှုထမ်း များသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၁/၃/၄/၆/၇/၁၀/၁၁) ရပ်ကွက်များတွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ရပ်ကွက်များအတွင်း အသိပညာပေး ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_apr2020 Source: ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှ (၁၇:၃၀)နာရီအချိန်အထိ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်းသို့ ယာဉ်ဝင်/ထွက်တွင် စီးနင်းလိုက်ပါလာသောခရီးသည်များကို ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source:           ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန(EOC)၌ ကပ္ပလီပင်လယ် အတွင်း ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်နိုင်ရေး ညှိနှိုင်းဆွေးနွေး

    ဧပြီလ၊ ၂၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့်  ယင်းနှင့်ဆက်စပ်လျှက်ရှိသော ကပ္ပလီပင်လယ်ပြင်တွင် (၂၈-၄-၂၀၂၀)ရက်နေ့မှ (၃၀-၄-၂၀၂၀)ရက်နေ့အတွင်း ဖြစ်ပေါ်နိုင်သည့် လေဖိအားနည်းရပ်ဝန်းနှင့်စပ်လျဉ်းသည့် ခန့်မှန်းချက်များအား ဆန်းစစ်နိုင်ရန် နှင့်ကြိုတင်ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာန၏အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)၌ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့ပါသည်။ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်  အရေးပေါ်အခြေ အနေစီမံခန့်ခွဲမှု ဗဟိုဌာနမှ တာဝန်ရှိသူများက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်နှင့် ကမ္ဘာ့မိုးလေဝသ အင်တာနက်စာမျက်နှာများမှရရှိသော အချက်အလက်များအရ ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မှုအခြေနေနှင့် … Read more

  • Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့တွင် ကဝမြို့နယ်၊ ဖလေး-ကုန်းကြီးလမ်းဆုံနှင့် ပေါက်ကုန်းကြီးကျေးရွာတို့တွင် Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရန် ပြည်သူအသိပညာပေးပန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော လက်ကမ်းစာစောင်များအား ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #bgo_apr2020 Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့တွင် (၁၁:၀၀)နာရီ၌ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ သကံဝကျေးရွာတွင် လည်းကောင်း၊ (၁၂:၀၀)နာရီ၌ တယ်ပင်တစ်ကျေးရွာတွင် လည်းကောင်း၊ (၁၃:၃၀) နာရီ၌ တယ်ပင်နှစ်ကျေးရွာတွင် လည်းကောင်း၊ (၁၄:၀၀)နာရီ၌ တယ်ပင်သုံးကျေးရွာတွင် လည်းကောင်း၊ (၁၅:၃၀) နာရီ၌ ဓနုံးချောင်း ကျေးရွာတွင် လည်းကောင်း Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ နှိုးဆော် ခြင်းကို ကျေးရွာရှိအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ  တာဝန်ရှိသူများသည် (၂၆-၄-၂ဝ၂ဝ)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာအုပ်စု၊ ဇောင်ဂျမ်းကုန်းကျေးရွာ၊ ဇီးပင်ကန်ကျေးရွာနှင့် ချောက်ကန်ကျေးရွာအုပ်စု၊ အရှေ့ချောက်ကန်ကျေးရွာ၊ မကျီးကိုးပင် ကျေးရွာတို့မှ လေဘေးသင့်ဒဏ်ခံခဲ့ရသော အိမ်(၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး အိမ်ထောင်စု (၃) စုစာ၊ ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းနှင့် လူနေအိမ် (၂ဝ) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၃ဝ,ဝဝဝိ/-)ကျပ်၊ သံဃာ(၁၆)ပါးနှင့် လူဦးရေ(၈၆)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၁၄,၂ဝဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁ဝ၄၄၂ဝဝိ/-)ကျပ်  အား … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ခလိုင်း ကျေးရွာအုပ်စု၊ ရွာသာလှကျေးရွာတွင် (၂၆-၄-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၈)ဦးဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ(၈)ဦးအတွက်(၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ(၁၆,၈၀ဝိ/-)ကျပ်နှင့် ဘေးသင့်နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၅,၀ဝဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၁၈၀ဝ/-)ကျပ်အား (၂၇-၄-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_apr2020 Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

Sign Up

Upcoming Events