(၂၇- ၄-၂၀၂၀) ရက်နေ့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အရာထမ်း၊ အမှုထမ်း များသည် ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၁/၃/၄/၆/၇/၁၀/၁၁) ရပ်ကွက်များတွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို သက်ဆိုင်ရာ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ရပ်ကွက်များအတွင်း အသိပညာပေး ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)