လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ခလိုင်း ကျေးရွာအုပ်စု၊ ရွာသာလှကျေးရွာတွင် (၂၆-၄-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ(၂)လုံး အမိုးလန်ပျက်စီးခဲ့ပြီး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၈)ဦးဘေးသင့်ခဲ့ရာ ဘေးသင့်လူဦးရေ(၈)ဦးအတွက်(၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ ငွေ(၁၆,၈၀ဝိ/-)ကျပ်နှင့် ဘေးသင့်နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၅,၀ဝဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၁၈၀ဝ/-)ကျပ်အား (၂၇-၄-၂၀၂၀) ရက်နေ့တွင် မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_apr2020
Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ)