လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ  တာဝန်ရှိသူများသည် (၂၆-၄-၂ဝ၂ဝ)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပခုက္ကူမြို့နယ်၊ ဖောင်းကွဲကျေးရွာအုပ်စု၊ ဇောင်ဂျမ်းကုန်းကျေးရွာ၊ ဇီးပင်ကန်ကျေးရွာနှင့် ချောက်ကန်ကျေးရွာအုပ်စု၊ အရှေ့ချောက်ကန်ကျေးရွာ၊ မကျီးကိုးပင် ကျေးရွာတို့မှ လေဘေးသင့်ဒဏ်ခံခဲ့ရသော အိမ်(၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး အိမ်ထောင်စု (၃) စုစာ၊ ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းနှင့် လူနေအိမ် (၂ဝ) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၃ဝ,ဝဝဝိ/-)ကျပ်၊ သံဃာ(၁၆)ပါးနှင့် လူဦးရေ(၈၆)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၁၄,၂ဝဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁ဝ၄၄၂ဝဝိ/-)ကျပ်  အား (၂၇-၄-၂ဝ၂ဝ)ရက်နေ့၊ (၁၃:၃ဝ) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mgy_apr2020

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events