တွံတေးမြို့နယ်အတွင်း လေပြင်းဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ အရိုးတောင်ကျေးရွာအုပ်စု၊ မီးသွေးကျင်းကျေးရွာနှင့် ငှက်ပျော စမ်းကျေးရွာအုပ်စု၊ ရိုးကန့်လန့်ကျေးရွာတို့တွင်(၂၅-၄-၂၀၂၀)ရက်နေ့(၁၅:၃၀)နာရီအချိန်၌ မိုးသည်းထန် စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျအမိုးလန်ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်(၂၆)လုံး၊ အိမ်ထောင်စု(၂၆)စုမှ လူဦးရေ(၁၂၁)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်ခြေ(၂၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၄,၂၀,၀၀ဝ/-) ကျပ်၊ လူဦးရေ(၁၂၁)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂,၅၄,၁၀ဝ/-)ကျပ်၊ ပြိုကျနေအိမ်(၉)လုံးအတွက် (၉)အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးတို့ကို အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၂၇-၄-၂၀၂၀)ရက်နေ့တွင် သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရ ပါသည်။
#ha_sgw
#ygn_apr2020
Source: ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events