လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့တွင် (၁၁:၀၀)နာရီ၌ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ သကံဝကျေးရွာတွင် လည်းကောင်း၊ (၁၂:၀၀)နာရီ၌ တယ်ပင်တစ်ကျေးရွာတွင် လည်းကောင်း၊ (၁၃:၃၀) နာရီ၌ တယ်ပင်နှစ်ကျေးရွာတွင် လည်းကောင်း၊ (၁၄:၀၀)နာရီ၌ တယ်ပင်သုံးကျေးရွာတွင် လည်းကောင်း၊ (၁၅:၃၀) နာရီ၌ ဓနုံးချောင်း ကျေးရွာတွင် လည်းကောင်း Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ နှိုးဆော် ခြင်းကို ကျေးရွာရှိအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#ayy_apr2020
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)