ဧပြီလ၊ ၂၇၊ နေပြည်တော်
COVID – 19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် စနစ်တကျပါဝင်ဆောင်ရွက်နိုင်ရန် စေတနာ့ဝန်ထမ်း (Volunteer) များကို လေ့ကျင့်သင်ကြားပေးရေးနှင့်ပတ်သက်၍ စေတနာ့ဝန်ထမ်း သင်တန်း လက်စွဲစာအုပ်ပြုစုရန် မြန်မာနိုင်ငံဆရာဝန်အသင်း အသင်းဥက္ကဌ၊ ဒုတိယဥက္ကဌများ၊ ဘာသာရပ်ဆိုင်ရာဆရာ၊ ဆရာမကြီးများနှင့် (၂၅.၄.၂၀၂၀) ရက်နေ့ ညနေပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက Video Conference ဖြင့် ညှိနှိုင်းဆွေးနွေး ခဲ့ပါသည်။
ယနေ့မွန်းလွဲပိုင်းကလည်း အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး (၁) လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ စေတနာ့ဝန်ထမ်းများအတွက် သင်တန်းလက်စွဲစာအုပ်ပြုစုလျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်ပြီး ဆက်လက်ဆွေးနွေးခဲ့ကြပါသည်။
ထိုသင်တန်းလက်စွဲစာအုပ်တွင်ပါဝင်မည့် သင်ခန်းစာများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်းတို့ ပူးပေါင်းပြုစုလျက်ရှိကြောင်းနှင့် စေတနာ့ဝန်ထမ်းများ အတွက်သင်တန်းလက်စွဲကို COVID -19 ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ကြမည့် စေတနာ့ဝန်ထမ်း (Volunteer) များထံသို့ Online မှ ဖြန့်ဝေသင်ကြားသွားမည်ဖြစ်ပြီး လိုအပ်သော လက်တွေ့ရှင်းလင်းဆွေးနွေးသရုပ်ပြ သင်ကြားခြင်းကို စေတနာ့ဝန်ထမ်းများ လုပ်ငန်းခွင်မဝင်မီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_apr2020
Source: MSWRR