Author Archives: Department of Disaster Management

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၂၀)ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ကဝမြို့နယ်၊ ချောင်းခွကျေးရွာ၊ ပိုင်ကျုံကြီးကျေးရွာ၊ ပေါက်ကွဲကျေးရွာ နှင့် အေးရွာကျေးရွာ တို့တွင် Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လက်ကမ်း စာစောင်များအား ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #bgo_jun2020

  • Covid-19ကူးစက်ရောဂါနှင့်မိုးကြိုးဘေး၊ရေဘေးအန္တရာယ်အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၂၀) ရက်နေ့ (ဝ၇:၀၀)နာရီအချိန်မှ စတင်ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာ (၁၄)ရွာသို့ လှည့်လည်ပြီး COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြင်းခြံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mdy _jun2020

  • ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများးသည် (၂၅-၆-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် မိုးတွင်းကာလ နှစ်စဥ် ဘီးလင်းမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးကြုံတွေ့ခံစားနေရသည့် ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်မှ ထပ်မံကြိုတင် ပြောင်းရွေ့ နေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စုတို့အတွက် အိမ်ထောင်စု(၁)စုလျှင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်း (၉၀၀,၀၀ဝိ/-)ကျပ် အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘီးလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #mon _jun2020

  • ဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့၊ (၁၄း၆၀) နာရီအချိန်တွင် ရသေ့တောမြို့နယ်၊ ရေမျက်ကျေးရွာအုပ်စု၊ ညောင်ပင်လှ ကျေးရွာတွင် စစ်ဘေးရှောင်ခိုလှုံနေသူသည် ယမ်းစထိမှန်၍ ဘယ်ဘက်ခြေသလုံးတွင် ဒဏ်ရာရရှိခဲ့ပြီး စစ်တွေမြို့၊ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရန် ရောက်ရှိလာသည့် ဒဏ်ရာရလူနာအတွက် ဒဏ်ရာရထောက်ပံ့ငွေ(၅၀,၀၀၀ိ/-)ကျပ်အား (၂၅-၆-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_otr #rke _jun2020

  • မီးဘေးသင့်ပြည်အားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၃-၆-၂၀၂၀) ရက်နေ့၊ (၁၅း၅၂)နာရီအချိန်တွင် ကလေးမြို့၊ မြို့လှရပ်ကွက်၊ နယ်မြေ(၁၀)၌ ဖြစ်ပွားသော မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂,၆၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (တစ်စိတ်တစ်ပိုင်း) (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၂,၆၀၀) ကျပ်နှင့် Family Kits (၁)ပုံးအား (၂၅-၆-၂၀၂၀)ရက်နေ့၊ (၁၂း၀၀)နာရီအချိန်တွင် အဆိုပါမီးဘေးသင့်နေအိမ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fir #sgg _jun2020

  • COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေး ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၂၀) ရက်နေ့၌ မင်းကင်းမြို့နယ် မင်းစားကျေးရွာ၊ ဒိုင်းကြီးကျေးရွာနှင့် အံ့စရာကျေးရွာတို့တွင် မိုးကြိုးဘေး၊ ရေဘေးနှင့် Covid-19ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်း များကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg _jun2020

  • Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့၊ ညနေ (၀၆:၀၀) နာရီအချိန်မှစ၍ မုံရွာမြို့၊ သလ္လာအမှတ် (၁) ရပ်ကွက်မှ အမှတ်(၁၀) ရပ်ကွက်အထိ Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များအား အများပြည် သူများ သိရှိလိုက်နာရန် ကွင်းဆင်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #sgg_jun2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • Covid-19ကူးစက်ရောဂါနှင့်မိုးကြိုးဘေး၊ရေဘေးအန္တရာယ်အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့တွင် ကောလင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာ၊ အင်းတော်ကျေးရွာ၊ ကြိုးကြာဥကျေးရွာ၊ ကရွတ္တာကျေးရွာသို့ Covid-19ကူးစက်ရောဂါ၊ မိုးကြိုးဘေး၊ ရေဘေးတို့နှင့်ပတ်သတ်၍ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးနှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg _jun2020

  • တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စုရပ် (၆) ခုမှ အိမ်ထောင်စု (၂၄၅) စု၊ လူဦးရေ (၁၁၁၅) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၃၄၈) အိတ်၊ (၁၀) ပြည်၊ (၄)ဘူး နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန်ကယ်ဆယ်ရေးစခန်းရှိ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၁၉) စု၊ လူဦးရေ (၈၀) တို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁၁)အိတ်၊ … Read more

Sign Up

Upcoming Events