လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့၊ ညနေ (၀၆:၀၀) နာရီအချိန်မှစ၍ မုံရွာမြို့၊ သလ္လာအမှတ် (၁) ရပ်ကွက်မှ အမှတ်(၁၀) ရပ်ကွက်အထိ Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များအား အများပြည် သူများ သိရှိလိုက်နာရန် ကွင်းဆင်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ar
#sgg_jun2020
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)