
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၂၀) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စုရပ် (၆) ခုမှ အိမ်ထောင်စု (၂၄၅) စု၊ လူဦးရေ (၁၁၁၅) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၃၄၈) အိတ်၊ (၁၀) ပြည်၊ (၄)ဘူး နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန်ကယ်ဆယ်ရေးစခန်းရှိ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု (၁၉) စု၊ လူဦးရေ (၈၀) တို့အတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁၁)အိတ်၊ (၁၆) ပြည်နှင့် စံပြရပ်ကွက်၊ မူလွန်(၃)သို့ ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင်လူဦးရေ (၆) ဦးတို့အတွက် ဆန်ရိက္ခာ (၂) ပတ်စာ ဆန်(၂၁) ပြည်အား သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။’
Source: စစ်တွေခရိုင်ဦးစီးမှူးရုံး (ဘစမ)
#otr
#rke _jun2020