Author Archives: Department of Disaster Management

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၃-၇-၂၀၂၀)ရက်နေ့၊ (ဝ၉:၀၀)နာရီအချိန်မှစ၍ ကွင်းကောက်တောင်ကျေးရွာအုပ်စု၊ ကွင်းကောက်တောင်ကျေးရွာ၊ ပေါက်သာကုန်းကျေးရွာ၊ ပေါက်ပင်ချောင်ကျေးရွာ၊ ညောင်ကုန်ကျေးရွာ၊ ဘို့ကုန်းကျေးရွာ၊ ရွာကလေးကျေးရွာများ၊ ကွင်း‌ကောက်မြောက်ကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာ၊ တလုပ်ကုန်း ကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ သာပေါင်းကျေးရွာတို့တွင် ( ဒုတိယ အကြိမ်) အဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀) … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၂၀) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ (အိပ်ပျက်၊ ခြင်ဘို့)အုပ်စု၊ ကျေးရွာခွဲ(၃)ရွာတို့တွင် (၁၅-၇-၂၀၂၀) နေ့မှ (၂၁-၇-၂၀၂၀) နေ့အထိဖြစ်ပွါးသော ကမ်းပြိုဘေးကြောင့် ပျက်စီးခဲ့သော အိမ်ခြေ(၅၁)စု၊ လူဦးရေ (၁၈၀) ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၅,၁၀၀,၀၀၀)ကျပ်၊ လူဦးရေ (၁၈၀) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၇၈,၀၀၀) ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၅,၄၇၈,၀၀၀) ကျပ်အား (၂၃-၇-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အိပ်ပျက်ကျေးရွာအုပ်စု၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ … Read more

  • Covid-19 ကူးစက်ရောဂါနှင့် မိုးရာသီကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၂၀) ရက်နေ့ နံနက်(၉:၀၀)နာရီမှ နေ့လည်(၁၂:၀၀)ထိ သံတောင်ကြီးမြို့နယ် ခုံတိုင်ကျေးရွာအုပ်စုတွင်ရှိသော ခုံတိုင်ကျေးရွာ၊ လမဲကြီးကျေးရွာ၊ လမဲကလေးကျေးရွာနှင့် စဘားလော်ချီးကျေးရွာများတွင် Covid-19 ကူးစက်မြန်ရောဂါ ပြန့်ပွားမှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လော်စပီကာဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_jul2020

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ အောင်မြေကျေးရွာအုပ်စု၊ လာဝယ်ကျေးရွာ၌ (၂၁-၇-၂၀၂၀) ရက်နေ့တွင် နန်တုံထွန်းချောင်းရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ခဲ့သည့်အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၉,၉၀၀) ကျပ်၊ ဆပ်ပြာ(၃)တောင့်နှင့် နှာခေါင်းစည်း(၁၉)ခုတို့အား (၂၃-၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၇) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ သက်ဆိုင်ရာကျေးရွာစာရေးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #sgg_jul2020

  • မြစ်ရေကြီးမှုအခြေအနေ

    ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာတီမြစ်ရေသည် ရွှေကူမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် … Read more

  • (Covid-19) ကူးစက်ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) အချိန်မှ (၁၅:၀၀) အချိန်အထိ (COVID-19) ရောဂါ ကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန် အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့်ပတ်သက်၍ တပ်ကုန်းမြို့ နယ်၊ ထုံးဖိုကျေးရွာအုပ်စု၊ တလင်းကုန်းကျေးရွာ၊ ဒဟက်တောကျေးရွာ၊ မရိုးကုန်းကျေးရွာ၊ ထုံးဖိုကျေးရွာ၊ ကျောက်စရစ်ကုန်းအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာ၊ ဆူးတပ်ကျေးရွာနှင့် ကျွဲလည်ပင်း … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀)ရက်နေ့၊  (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်အထိ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ အရုပ်ကွင်းအုပ်စု၊ (အရုပ်ကွင်း၊ မောင်းထောင်) ကျေးရွာတို့၌လည်းကောင်း၊ (၁၈:၀၀) နာရီအချိန်မှ (၂၀:၀၀) နာရီအချိန်အထိ ဟင်္သာတမြို့နယ်၊ ရွှေကူရပ်ကွက်နှင့် ဆကာရပ်ကွက်တို့၌လည်းကောင်း COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရာသီအလိုက်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 … Read more

  • မိုင်းထိပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    ကရင်ပြည်နယ်၊ မြဝတီမြို့၊ ထီးဝါးကလေးကျေးရွာအုပ်စု၊ သီဝါးပုကျေးရွာ၊ မဲ့ပလဲချောင်းစပ်တွင် (၂၁-၇-၂၀၂၀)ရက်နေ့ (၁၆:၃၀)နာရီအချိန် မောင်စောချာထူးလေး(၁၂)နှစ်၊ မောင်စောဖိုးကို(၁၁)နှစ်၊ မောင်စောမောင်ခန့်(၁၁)နှစ်၊ မောင်စောကျော်ခလယ်(၁၁)နှစ်တို့သည် (၄)ဦးသည် နွားကျောင်းနေစဉ် မိုင်းကြွင်းမိုင်းကျန်မှ ပေါက်ကွဲမှုကြောင့် မောင်စောချာထူးလေး၊ ယာဘက်လက်ကောက်ဝတ်ပြတ်၍ (စိုးရိမ်ရ)(၁)ဦးနှင့် ကျန်(၃)ဦးမှာ ဒဏ်ရာရ(မစိုးရိမ်ရ)အခြေအနေဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသောကြောင့် ဆေးရုံတက်လူနာ(၄)ဦးအတွက် (၁)ဦးလျင် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ(၂၀၀,၀၀၀) ကျပ်တို့ကို ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ … Read more

Sign Up

Upcoming Events