
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ အောင်မြေကျေးရွာအုပ်စု၊ လာဝယ်ကျေးရွာ၌ (၂၁-၇-၂၀၂၀) ရက်နေ့တွင် နန်တုံထွန်းချောင်းရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ခဲ့သည့်အိမ်ထောင်စု (၃) စု၊ လူဦးရေ (၁၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၉,၉၀၀) ကျပ်၊ ဆပ်ပြာ(၃)တောင့်နှင့် နှာခေါင်းစည်း(၁၉)ခုတို့အား (၂၃-၇-၂၀၂၀) ရက်နေ့၊ (၁၁:၀၇) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ သက်ဆိုင်ရာကျေးရွာစာရေးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#sgg_jul2020