COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၃-၇-၂၀၂၀)ရက်နေ့၊ (ဝ၉:၀၀)နာရီအချိန်မှစ၍ ကွင်းကောက်တောင်ကျေးရွာအုပ်စု၊ ကွင်းကောက်တောင်ကျေးရွာ၊ ပေါက်သာကုန်းကျေးရွာ၊ ပေါက်ပင်ချောင်ကျေးရွာ၊ ညောင်ကုန်ကျေးရွာ၊ ဘို့ကုန်းကျေးရွာ၊ ရွာကလေးကျေးရွာများ၊ ကွင်း‌ကောက်မြောက်ကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာ၊ တလုပ်ကုန်း ကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ သာပေါင်းကျေးရွာတို့တွင် ( ဒုတိယ အကြိမ်) အဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀) ရက်နေ့အထိ ထုတ် ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွား တတ်သော သဘာဝဘေးများအန္တရာယ်များနှင့် ပတ်သက်သည့် သဘာဝဘေးအသိပညာပေးခြင်း တို့အားလည်းကောင်း၊ အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာ ပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#ayy_jul2020

Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events