
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားဆောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀) ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊ ဖားဆောင်းကျေးရွာအုပ်စု၊ ခဲမဖြူကျေးရွာ၊ စုစည်းကျေးရွာ၊ နန်းဟူးကုန်းကျေးရွာ၊ ဖားဆောင်းမြို့၊ ကွက်သစ်ရပ်ကွက်ရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်/ ရှောင်ရန်အချက်များကို အသိပညာဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဖားဆောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#kyh_jul2020