လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) အချိန်မှ (၁၅:၀၀) အချိန်အထိ (COVID-19) ရောဂါ ကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန် အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့်ပတ်သက်၍ တပ်ကုန်းမြို့ နယ်၊ ထုံးဖိုကျေးရွာအုပ်စု၊ တလင်းကုန်းကျေးရွာ၊ ဒဟက်တောကျေးရွာ၊ မရိုးကုန်းကျေးရွာ၊ ထုံးဖိုကျေးရွာ၊ ကျောက်စရစ်ကုန်းအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာ၊ ဆူးတပ်ကျေးရွာနှင့် ကျွဲလည်ပင်း ကျေးရွာများ အတွင်းရှိ ပြည်သူများသို့ လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးအပ်၍ ထိရောက်စွာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)