လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၇-၂၀၂၀)ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်အထိ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ အရုပ်ကွင်းအုပ်စု၊ (အရုပ်ကွင်း၊ မောင်းထောင်) ကျေးရွာတို့၌လည်းကောင်း၊ (၁၈:၀၀) နာရီအချိန်မှ (၂၀:၀၀) နာရီအချိန်အထိ ဟင်္သာတမြို့နယ်၊ ရွှေကူရပ်ကွက်နှင့် ဆကာရပ်ကွက်တို့၌လည်းကောင်း COVID-19 ရောဂါနှင့်စပ်လျဉ်း၍ ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေရန် ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရာသီအလိုက်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_jul2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)