ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၇-၂၀၂၀) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ (အိပ်ပျက်၊ ခြင်ဘို့)အုပ်စု၊ ကျေးရွာခွဲ(၃)ရွာတို့တွင် (၁၅-၇-၂၀၂၀) နေ့မှ (၂၁-၇-၂၀၂၀) နေ့အထိဖြစ်ပွါးသော ကမ်းပြိုဘေးကြောင့် ပျက်စီးခဲ့သော အိမ်ခြေ(၅၁)စု၊ လူဦးရေ (၁၈၀) ဦးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၅,၁၀၀,၀၀၀)ကျပ်၊ လူဦးရေ (၁၈၀) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၃၇၈,၀၀၀) ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၅,၄၇၈,၀၀၀) ကျပ်အား (၂၃-၇-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အိပ်ပျက်ကျေးရွာအုပ်စု၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Souece: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#ayy_jul2020

Sign Up

Upcoming Events