Author Archives: Department of Disaster Management

  • မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်ပြိုလဲမှု့ကြောင့် ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ရေနံမ‌ကျေးရွာအုပ်စု၊ ရေနံမမြောက် ကျေးရွာ၌ (၃-၈-၂၀၂၀)ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်ပြိုလဲမှုကြောင့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်တို့ကို (၅-၈-၂၀၂၀)ရက်နေ့တွင် မင်းလှမြို့နယ် အထွေအထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_aug2020 Source:           မင်းလှမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက်နေ့တွင် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကျေးရွာအုပ်စု (၁၄)စု၊ ကျေးရွာ(၁၄)ရွာတွင် မိုးသည်းထန် စွာရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် လူနေအိမ်(၁၉)လုံး ချောင်းရေမျောပါ၍၊ လူနေအိမ် (၃၃)လုံး ချောင်းရေမျောနွံနစ်ခဲ့ရာ ချောင်းရေမျောပါအိမ်ထောင်စု(၁၉)စုအတွက် ၊ ကယ်ဆယ် ရေးပစ္စည်း (၁၆)မျိုး (၁၉) စုစာနှင့် လူဦးရေ(၆၅)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၁၃၆,၅၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၉၀၀,၀၀ဝ/-)ကျပ်နှင့် ချောင်းရေ မျောနွံနစ် အိမ်ထောင်စု (၃၃) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၉၀,၀၀ဝ/-)ကျပ် … Read more

  • ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပြောင်းရွှေ့ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းလှမြို့နယ်၊  သပြေတောကျေးရွာအုပ်စု၊ သပြေတောကျေးရွာနှင့် မလွန်ကျေးရွာအုပ်စု၊ မလွန်ကျေးရွာတို့၌ (၃၁-၇-၂၀၂၀) ရက်နေ့မှ (၃-၈-၂၀၂၀)ရက်နေ့အထိ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ပြောင်းရွှေ့အိမ်ခြေ(၂၅)လုံး၊ အိမ်ထောင်စု (၂၅)စုမှ လူဦးရေ (၉၁)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၉၁,၁၀၀/-)ကျပ်ကို (၅-၈-၂၀၂၀)ရက်နေ့တွင် မင်းလှမြို့နယ်အထွေအထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_aug2020 Source:           မင်းလှမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ် ၊ကျောက်ဆည်ကျေးရွာ၌ (၃-၈-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စုစာတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ (၄-၈-၂၀၂၀)ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_aug2020 Source:           သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၂၀)ရက်နေ့၌ ဘိုကလေးမြို့နယ်၊ ပိုက်စလကျေးရွာအုပ်စု၊ ပိုက်စလကျေးရွာတွင် (၁၀:၀၀)နာရီ၌လည်းကောင်း၊ ဝက်ကော်ကျေးရွာတွင်(၁၀:၃၀)နာရီ၌လည်းကောင်း၊ ဝက်နက်ကုန်း ကျေးရွာတွင် (၁၁:၀၀)နာရီ၌လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးများအန္တရာယ်များနှင့်ပတ်သက်သည့် သဘာဝဘေးအသိပညာပေးခြင်းတို့အား လည်းကောင်း အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းများပြုလုပ်ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ … Read more

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၈-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ မြို့​ပေါ်ရပ်ကွက်ရှိ (၅၊၆၊၇၊၈)နှင့်​ကျုံကူကျေးရွာ၊ အကြီးဝကျေးရွာ၊ အကြီးကရင် စုကျေးရွာတို့၌ COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများ ပြည်သူ အလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန် အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင် ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ ကမ်းပနီကျေးရွာ၊ မျှော်ရစ်ဘုရားအနီးရှိ မျှော်ရစ်ဘုန်းကြီးကျောင်း၌ (၃-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း(၁)ဆောင် ပျက်စီးဆုံးရှုံးခဲ့ရာ အဆိုပါကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် သင်္ဃန်းဒွိစုံအတွက်ထောက်ပံ့ငွေ (၂၀,၀၀၀/-) ကျပ်တို့ကို (၄-၈-၂၀၂၀)ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_aug2020 Source:           လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၂၀) ရက်နေ့၌ သရက်လိန်အုပ်စု၊ သူရဲဇီးရွာတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၃)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၇၃၀၀/-)ကျပ်၊ ဆပ်ပြာ(၃)တောင့် ၊Surgical mask(၂၆)ခု၊ ခေါက်ဆွဲခြောက်(၃၀)ထုပ်နှင့် ရေလည်ကျွန်းအုပ်စု၊ မြစစ်ကိုင်းကျေးရွာနှင့် ပေါက်ကုန်းကျေးရွာတို့မှ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု(၁၉)စုမှ လူဦးရေ(၈၉)ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၈၆၉၀၀/-)ကျပ်၊Surgical mask(၁၇၈)ခု၊ ဆပ်ပြာ(၁၉)တောင့်၊ ခေါက်ဆွဲခြောက် (၁၉၀) ထုပ် တို့အား (၄-၈-၂၀၂၀)ရက်နေ့ ညနေ(၁၆း၀၀)နာရီအချိန်တွင် ပြည့်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။ Source: … Read more

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းထိခိုက်ပျက်စီးခဲ့‌သော အိမ်ထောင် စု (၁) စုမှ လူဦးရေ (၄) ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၈,၄၀၀/-)ကျပ် ၊ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၉၀,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၈,၄၀၀/-) ကျပ် ကို (၄-၈-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင်  သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူများ … Read more

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၇-၂၀၂၀) ရက်နေ့၌ ရွာသာယာအုပ်စု၊ ရွာသာယာကျေးရွာတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စု(၅)စုမှ လူဦးရေ(၂၈)ဦးအတွက် ဆန်ရိက္ခါဖိုး(၇)ရက်စာ (၅၈၈၀၀/-)ကျပ်၊ ဆပ်ပြာ(၅)တောင့်၊ Surgical mask(၅၆)ခု၊ ခေါက်ဆွဲခြောက်(၅၀)ထုပ်တို့အား (၄-၈-၂၀၂၀)ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် ပြည့်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။ Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_fld #bgo_aug2020

Sign Up

Upcoming Events