လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ ကမ်းပနီကျေးရွာ၊ မျှော်ရစ်ဘုရားအနီးရှိ မျှော်ရစ်ဘုန်းကြီးကျောင်း၌ (၃-၈-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း(၁)ဆောင် ပျက်စီးဆုံးရှုံးခဲ့ရာ အဆိုပါကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် သင်္ဃန်းဒွိစုံအတွက်ထောက်ပံ့ငွေ (၂၀,၀၀၀/-) ကျပ်တို့ကို (၄-၈-၂၀၂၀)ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#tny_aug2020

Source:           လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events