ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၂၀)ရက်နေ့တွင် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ကျေးရွာအုပ်စု (၁၄)စု၊ ကျေးရွာ(၁၄)ရွာတွင် မိုးသည်းထန် စွာရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် လူနေအိမ်(၁၉)လုံး ချောင်းရေမျောပါ၍၊ လူနေအိမ် (၃၃)လုံး ချောင်းရေမျောနွံနစ်ခဲ့ရာ ချောင်းရေမျောပါအိမ်ထောင်စု(၁၉)စုအတွက် ၊ ကယ်ဆယ် ရေးပစ္စည်း (၁၆)မျိုး (၁၉) စုစာနှင့် လူဦးရေ(၆၅)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၁၃၆,၅၀ဝ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၉၀၀,၀၀ဝ/-)ကျပ်နှင့် ချောင်းရေ မျောနွံနစ် အိမ်ထောင်စု (၃၃) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၉၀,၀၀ဝ/-)ကျပ် တို့အား (၄-၈-၂၀၂၀)ရက်​နေ့တွင်​​ အောင်လံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများရှေ့မှောက်တွင် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#mgy_aug2020

Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events