ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပြောင်းရွှေ့ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းလှမြို့နယ်၊  သပြေတောကျေးရွာအုပ်စု၊ သပြေတောကျေးရွာနှင့် မလွန်ကျေးရွာအုပ်စု၊ မလွန်ကျေးရွာတို့၌ (၃၁-၇-၂၀၂၀) ရက်နေ့မှ (၃-၈-၂၀၂၀)ရက်နေ့အထိ ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ပြောင်းရွှေ့အိမ်ခြေ(၂၅)လုံး၊ အိမ်ထောင်စု (၂၅)စုမှ လူဦးရေ (၉၁)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၉၁,၁၀၀/-)ကျပ်ကို (၅-၈-၂၀၂၀)ရက်နေ့တွင် မင်းလှမြို့နယ်အထွေအထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#mgy_aug2020

Source:           မင်းလှမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events