မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်ပြိုလဲမှု့ကြောင့် ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ ရေနံမ‌ကျေးရွာအုပ်စု၊ ရေနံမမြောက် ကျေးရွာ၌ (၃-၈-၂၀၂၀)ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ သစ်ပင်ပြိုလဲမှုကြောင့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်တို့ကို (၅-၈-၂၀၂၀)ရက်နေ့တွင် မင်းလှမြို့နယ် အထွေအထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#mgy_aug2020

Source:           မင်းလှမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events