လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ် ၊ကျောက်ဆည်ကျေးရွာ၌ (၃-၈-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စုစာတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ (၄-၈-၂၀၂၀)ရက်နေ့၊ (၁၅:၃၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#tny_aug2020

Source:           သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events