Author Archives: Department of Disaster Management

  • ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ရေကင်းကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာတွင် ဖြစ်ပွားခဲ့သော ရေဘေးမှ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ အိမ်ထောင်စု (၁) စုရှိ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာအား … Read more

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာမြို့နယ်နှင့်သာစည်မြို့နယ်အတွင်းရှိကျေးရွာ အုပ်စုများအောက်ရှိ ကျေးရွာများသို့ Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း‌ မပေါ်ပေါက် စေရေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူလူထုမှ လိုက်နာဆောင်ရွက်စေရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလှုံ့ဆော်ခြင်း၊ ပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mdy_sep2020

  • Covid-19 ကူးစက်ရောဂါနှင့် ငလျင်ဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂-၉-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ဝဘာကျေးရွာအုပ်စု၊ မဲသည်ကျေးရွာ၊ ဝဘာကျေးရွာ၊ သပြေသာကျေးရွာ၊ သာစည်ကျေးရွာတို့အတွင်း Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား အသံချဲ့စက်၊ လော်စပီကာများဖြင့် လှည့်လည်ကြေညာခြင်းနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_sep2020 Source:                         ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • IDPs စခန်းများ၌ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ လက်ဆေးဆပ်ပြာနှင့် ထုံးအိတ်များ ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂.၉.၂၀၂၀) ရက်နေ့တွင် ​ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) ၅ရပ်ကွက်နှစ်ခြင်းအသင်းတော်ရုံး အိမ်ထောင်စု(၅၆)၊ လူဦးရေ(၂၆၅)၊ မုံးစီးကာသိုလိပ်ဘုရားကျောင်း အိမ်ထောင်စု(၂၃)၊ လူဦးရေ(၁၅၇)၊မုံးစီးပန်ယန်ခါး အိမ်ထောင်စု(၄၅)၊ လူဦးရေ(၃၁၉) စုစုပေါင်းအိမ်ထောင်စု(၁၂၄)၊ လူဦးရေ(၇၃၉) ဦးအတွက် စခန်းတစ်ခုလျှင်ထုံး(၁၀)အိတ်နှုန်း၊ လူတစ်ဦးလျှင်ဆပ်ပြာ(၁)တောင့်​နှုန်းဖြင့် ​စုစုပေါင်းထုံး (၃၀)အိတ်၊ လက်ဆေးဆပ်ပြာ(၇၃၉)တောင့် ဖြင့် ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source:                         ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀) ရက်နေ့တွင် ​ မြင်း​ခြံမြို့နယ်အတွင်းရှိ အမှတ်(၃၊ ၄၊ ၇၊ ၈၊ ၁၀၊ ၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈၊ ၁၉)နှင့် နတ်ထားကျေးရွာ၊ ကျောက်ရန်ကျေးရွာများသို့ လှည့်လည်ပြီး Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်​​ပြင်ဆင်​ရေးနှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပညာပေးနှိုးဆော်ခြင်းများ၊ လက်ကမ်းစာစောင်​​​ဖြန့်ဝေခြင်းနှင့် ပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_sep2020 Source:                         … Read more

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၉-၂၀၂၀) ရက်နေ့၊(၁၀:၀၀)နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ညောင်ကုန်းကြီးကျေးရွာနှင့် ရွာသစ်ကလေးကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောခြင်းအား အသံချဲ့စက်များဖြင့်လည်းကောင်း၊ Handspeakerများဖြင့်လည်းကောင်း အသိပေးနှိုးဆော်ကြေငြာခဲ့ပြီး ဗီနိုင်းပိုစတာဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #mon_sep2020 Source:                         သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၀) ရက်နေ့၌ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာ အုပ်စု၊ ပြည်တော်သာကျေးရွာ ကဿဝင်ရွာမကျေးရွာနှင့် ဝေယံကျွန်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ နေအိမ်(၁၄)လုံး၊ အိမ်ထောင်စု(၁၄)စုမှ လူဦးရေ(၆၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၄၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ(၁၃၀၂၀၀/-)၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁၅၃၀၂၀၀/-)ကျပ်အား (၂-၉-၂၀၂၀)ရက်နေ့၊ (၁၃၃၀)အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_rbe … Read more

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ (၂-၉-၂၀၂၀)ရက်နေ့ (၀၈:၀၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်ထိ ကန့်ဘလူမြို့နယ်၊ တင်ကုတ်ကြီးကျေးရွာအုပ်စု၊ တင်ကုတ်ကြီးကျေးရွာ၊ ညောင်သွယ်ကျေးရွာ၊ ချဉ်မြစ်ကျဉ်းကျေးရွာအုပ်စု၊ ချဉ်မြစ်ကျဉ်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာ၊ မြောက်စု‌ကျေးရွာ၊ ထန်းကုန်းကျေးရွာအုပ်စု၊ ထန်းကုန်းကျေးရွာများရှိ မိဘပြည်သူများအား COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်အချက်များကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_sep2020 Source:                         ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် COVID.19ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်ပေါ်စေရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းအား (၂.၉.၂၀၂၀)ရက်နေ့တွင် ဝါးရုံသာကျေးရွာ၊ အင်ကုန်းကျေးရွာ၊ အင်းပေါက်ကျေးရွာ၊ လက်ပံကျေးရွာ၊ ရွှေလင်းတကျေးရွာစသည့်ကျေးရွာတို့တွင် အသိပညာပေးလှည့်လည်နှိုးဆော်ခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_sep2020 Source:                         မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း (၂၇-၈-၂၀၂၀) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းကမ်းပါးပြိုကျမှုဘေးမှ ကြိုတင်ကာကွယ်ရန်အတွက် ကျသောင်းတောင်ကျေးရွာအုပ်စု၊ ကျေးတန်းကူးကျေးရွာနေ ကြိုတင်ပြောင်းရွှေ့လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၀၀,၀၀ဝ) ကျပ်၊ ဘေးသင့်လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၄,၂၀ဝ) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၀၄,၂၀ဝ) ကျပ်တို့အား (၁-၉-၂၀၂၀) ရက်နေ့ (၀၉:၄၅) အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ … Read more

Sign Up

Upcoming Events